Monday, April 30, 2012

အနှိုင်းမဲ့စာတိုပေစများ

လူတွေက ရုပ်ကိုသာ ပြုပြင်ကြတယ် စိတ်ပြုပြင်ဖို့ကြတော့ လက်နှေးနေကြတယ် ။
ဘုရားရှင်ဟာ သံသရာတစ်လျှောက်လုံး လှအောင်ပြင်ပေးနိုင်တဲ့ အကောင်းဆုံး အလှပြင် ဆရာကြီးပဲ။
သီလ သမာဓိ ပညာ အကျင့်တွေဟာ အကောင်းဆုံး အလှပြင်တန်ဆာတွေနဲ့ တူတယ်။
နည်းနည်းကျင့်ရင် နည်းနည်းလှမယ် ။
များများကျင့်ရင် များများလှမယ် ။
အပြည့်အစုံကျင့်ရင် အပြည့်အစုံ လှမယ် ။